ကော်ဖီနှပ်တာနဲ့ပတ်သက်ပြီး အသုံးဝင်တဲ့အချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။ ဓါးသွားပုံစံအမျိုးအစားကော်ဖီကြိတ်စက်ကို အသုံးပြုတဲ့အခါမှာကော်ဖီမှုန့်တွေကို အရွယ်အစားညီစေရန် ကြိတ်နေတဲ့အတောအတွင်းမှာ ညင်သာစွာလှုပ်ပေးပါ။ နှပ်မယ့်စနစ်နဲ့ကိုက်ညီတဲ့ကော်ဖီမှုန့်ပုံစံကိုရွေးပြီးတော့ ကော်ဖီစားပွဲတင်ဇွန်း၂ဇွန်း ထဲကိုရေ 180 ml လောင်းထည့်လိုက်ပါ၊ အိမ်မှာခွက်နဲ့မှတ်ပြီးကော်ဖီနှပ်ခြင်းက အများကြီးကွာခြားပါတယ်၊ အနဲဆုံးကတော့ ရေ 180 ml နဲ့မှတ်သားပြီး အသုံးပြုကြတယ်။ ကော်ဖီနှပ်တဲ့လူအများစုကတော့ ကော်ဖီစားပွဲတင်ဇွန်း၁ဇွန်း (သို့) ကော်ဖီမှုန့်နဲနဲကို အသုံးပြုကြတယ်။တစ်ချို့ကတော့ ကော်ဖီတစ်အောင်စကို ၆ပုံ ပုံပြီးအတိုင်းအတာတစ်ခုအနေနဲ့ အသုံးပြုကြတယ်။
Shopping Hotline:
0943132636